Sunday, April 13, 2014

Facebook အကောင့်လော့ကျနေသလား ဒီလိုပြန်ယူလိုက်ပါ

မြန်မာနိုင်ငံသား Facebook User တွေအနေနဲ့
ကိုယ့်ရဲ့အကောင့်လေး လော့ကျပြီး ဖုန်းနံပါတ်
အတောင်းခံရပြီဆိုရင် အဲဒီအကောင့်ကို ဆုံးရှုံးသွားပြီလို့
သတ်မှတ်ခဲ့ရပါတယ်


ဘာကြောင့်လဲဆိုတော့ Facebook ပို့တဲ့ Verification Code ဟာ
မြန်မာနိုင်ငံကဖုန်းတွေဆီကို မရောက်နိုင်လို့ပါ
အခုတော့ ကလိမ်ကကျစ်နည်းလမ်းလေးတွေသုံးပြီး
အဲဒီအခက်အခဲကို ဖြေရှင်းနိုင်ပါပြီ
ဒီနည်းလမ်းကို အသုံးပြုဖို့အတွက်

(၁) Model အရမ်းကြီးမနိမ့်တဲ့ Android ဖုန်းတစ်လုံး
(၂) Hotspot Shield VPN APK
(၃) TextPlus APK နဲ့
(၄) Yuilop APK တို့ လိုအပ်ပါတယ်

Hotspot Shield APK ကို ဒီမှာ ဒေါင်းပါ

TextPlus APK ကို ဒီမှာ ဒေါင်းပါ

Yuilop APK ကို ဒီမှာ ဒေါင်းပါ

 APK သုံးခုလုံးကို တစ်ခါတည်းဒေါင်းချင်ရင်တော့ ဒီမှာ ဒေါင်းပါ ( 30 MB ကျော်ရှိပါတယ်)


( Android ဖုန်းတစ်လုံးကို ဒီမှာ ဒေါင်းပါလို့ မပြောနိုင်တာ စိတ်မရှိပါနဲ့ .. :P )

ဒေါင်းလို့ ရလာတဲ့ APK တွေကို ဖုန်းထဲမှာ Install လုပ်လိုက်ပါ

တစ်ချို့ဖုန်းတွေမှာ Yuilop APK က မ Run ပဲ ပြန်ပိတ်သွားတဲ့ ပြဿနာရှိပါတယ်
ကျွန်တော်ကတော့ အဲဒီဖြစ်ပြီဆိုရင် Yuilop ကို ဖုန်းထဲကနေ Uninstall လုပ်ပစ်လိုက်ပါတယ်
ပြီးရင် Root Explorer လို Application ကိုသုံးပြီး root >> system >> app ဆိုတဲ့ဖိုဒါထဲကို
အဆင့်ဆင့်ဖွင့်ဝင်သွားပြီး Yuilop.apk ကို ကူးထည့်လိုက်ပါတယ်
ပြီးရင် အဲဒီကူးထည့်လိုက်တဲ့ Yuilop.apk ပေါ်မှာ ခပ်ကြာကြာဖိထားပြီး ပေါ်လာတဲ့ထဲက Permission ကိုရွေးပြီး
rw.r.r ဖြစ်အောင် Permission ပြောင်းပေးလိုက်ပါတယ်
ပြီးရင် ဖုန်းကို Restart ချလိုက်တယ်
ဖုန်းပြန်ပွင့်လာတဲ့အခါမှာ Yuilop ကို အဆင်ပြေပြေနဲ့ Run နိုင်တာ တွေ့ရပါတယ်
( ဒီနည်းက Root ဖောက်ထားတဲ့ဖုန်းတွေမှာပဲ သုံးလို့ရမှာဖြစ်ပါတယ် )
ကဲ .. ထားပါတော့
ကျန်တာတွေ ဘယ်လိုဆက်လုပ်မှာလဲ သိချင်နေမှာပေါ့
လုပ်ဆောင်ရမယ့် နည်းလမ်းအဆင့်ဆင့်ကို စာအုပ်လေးရေးပြီး တင်ပေးထားပါတယ်

အဲဒီစာအုပ်ကိုတော့ ဒီမှာ ဒေါင်းယူနိုင်ပါတယ်


ဒီနည်းလမ်းမှာ လတ်တလောကြုံတွေ့နေရတဲ့ Yuilop က Confirm Code ဟာ TextPlus ထဲရောက်မလာတဲ့ပြဿနာကို
ဖြေရှင်းထားပါတယ်
အဲဒီပြဿနာကို ဖြေရှင်းဖို့ Hotspot Shield ဆိုတဲ့ Application တစ်ခုကို သုံးထားပါတယ်
ဖုန်းရဲ့ VPN ကို Fake လုပ်ပေးတဲ့ APK ပါ
ဒီ APK လေးကို Run မထားရင် Yuilop က Confirm Code သာမက Facebook က Verification Code လည်း
ဖုန်းထဲကို ရောက်လာမှာမဟုတ်ပါဘူး
တစ်ခုသတိပေးချင်တာက ဒီ Hotspot Shield VPN ဆိုတဲ့ Application ကို Run ထားတဲ့ဖုန်းထဲမှာ ကိုယ့်ရဲ့လက်ရှိ
Facebook အကောင့်ကို မသုံးမိပါစေနဲ့ အဲဒီအကောင့်ကို US ကနေ တစ်ယောက်ယောက် ခိုးသုံးနေတယ်လို့
Facebook က ယူဆပြီး လော့ချပစ်တာတွေ Security Test လုပ်တာတွေ ခံရတတ်ပါတယ်
နောက်ပြီးအဲဒီဖုန်းထဲမှာရှိနေတဲ့ Gmail ထဲကိုလည်း " မင်းရဲ့အကောင့်ကို US က တစ်ယောက်ယောက် ခိုးသုံးနေပါတယ် "
ဆိုတဲ့ Message တွေကို Google Team က မကြာခဏပို့နေမှာဖြစ်ပါတယ် ( ဖြစ်ဖူးတာတွေကို ကြိုပြောပြထားတာပါ )
ဒီနည်းလမ်းဟာ ဖုန်းနံပါတ်အတောင်းခံနေရတဲ့ Locked Account တွေအတွက် ဖြေရှင်းပေးမယ့်နည်းသာဖြစ်ပြီး
ဓာတ်ပုံရွေးခိုင်းတာတွေ မွေးသက္ကရာဇ်ထည့်ခိုင်းတာတွေမျိုး Security Tips မိနေတဲ့ အကောင့်တွေအတွက်မဟုတ်ပါဘူး
နောင်အလျဉ်းသင့်တဲ့အခါမှာ ဗွီဒီယိုဖိုင်အဖြစ်နဲ့ ထပ်တင်ပေးပါဦးမယ်

ကဲ .. အားလုံးအဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက *************************************** 

Google play store ကိုကျော်ခွဝင်ချင်သူများအတွက် ( ဖတ်ပေးပါရန်)



Google play store ကိုဝင်တဲ့ အခါမှာ This item isn't available in your country  ဆိုပြီးဝင်မရဖြစ်နေပါသလား........?။ အဲဒီလိုဘာကြောင့် ဖြစ်ရသလဲဆိုတော့ တစ်ချို့  apps တွေကို နိုင်ငံတွေအလိုက်ကန့် သတ်ထားကြပါတယ်။မိမိက အသုံးပြုခွင့် မရှိတဲ့ နိုင်ငံကဖြစ်နေရင် အခုလိုဖြစ်ပါတယ်  ။ အခုတော့ ဖုန်းမှာသွင်းထားတဲ့ application တွေကို upgrade လုပ်ချင်ရင်
ဒေါင်းလုပ်ဆွဲချင်ရင် Market ကို အသုံးပြုချင်ရင်အားနာစရာမလိုတော့ ပါဘူး ။ စိတ်ကြိုက်ဒေါင်းလို့ ရပါပြီ။Google play store ကိုကျော်ခွလိုက်ပါ ။(100% WORKING ) ပါ။ ဒီနည်းလမ်းလေးကလွယ်ကူရိုးရှင်းပါတယ်။.ကွန်ပျုတာနှင့် ဖုန်းနည်းပညာများစုဝေးရာ group
သူငယ်ချင်းတစ်ယောက်တောင်းဆိုလာတာကိုအကြောင်းပြုပြီးရေးဖြစ်သွားတာပါ ။ ကျွန်တော်တို့ အနေနဲ့ နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းနေရတယ်ဆိုတော့  ကျွန်တော့် မိတ်ဆွေတွေအနေနဲ့ ဘာတွေလိုအပ်နေတယ်ဆိုတာ မသိပါဘူးခင်ဗျာ။လုပ်လက်စကလေးတွေလည်းမပြတ်သေးတာကတစ်ကြောင်းအကြောင်းကြောင်းကြောင့်  မိတ်
ဆွေတို့ ရဲ့ လိုအပ်ချက်တွေကိုသတိမမူဖြစ်မိသွားရင်တောင်းပန်ပါတယ်။

  ကျွန်တော် Instruction အတိုင်းပြုလုပ်ပါ....သေချာပေါက် play store ကိုဝင်လို့ရပါတယ်ဗျ....

ဒီနည်းလမ်းကိုအသုံးပြုမယ်ဆိုရင်တော့  အောက်ပါအတိုင်း မိမိတို့ ဖုန်းမှာ ကိုက်ညီမှူ့ ရှိရပါမယ်။


၁ ။  မိတ်ဆွေ တို့ရဲ့ဖုန်းက Root လုပ်ထားရပါမယ်ဗျ. မိမိဖုန်းမှာ Root Access ရှိရပါမယ်

၂ ။  မိတ်ဆွေတို့ မှာ Google Play Store Market ရှိရပါမယ်.....

၃ ။  Market Unlocker ရှိရပါမယ်....DOWNLOAD - Zippyshare , tusfiles

၎ ။  TunnelBear ရှိရပါမယ်....DOWNLOAD -  Zippyshare . tusfiles







အရင်ဆုံး Market Unlocker ကိုဖုန်းမှာ install လုပ်ပါ။
------------------------------------------------------------------------

- Market Unlocker ကို ဖွင့်ပြီး. Enable Unlocker ကို ပုံမှာပြထားတဲ့ အတိုင်း ( on ) ကိုဖွင့် ပေးလိုက်ပါ။ Superuser request တောင်းရင် allow နှိပ်ပေးလိုက်ပါ။





ယခုကျွန်တော်တို့က play store ကို verison (USA)ကနေ၀င်ရောက်မှာဖြစ်ပါတယ်ဗျ....
ပြီး ရင်ပြန်ထွက်လိုက်ပါ။


  - TunnelBear ကို install ပါ......
--------------------------------------------------------
- TunnelBear ကိုဖွင့်ပြီး မိမိရဲ့  gmail အကောင့်နဲ့ sing up လုပ်ပေးရပါမယ်....Sing Up လုပ်ဖို့အတွက် Create a free account ဆိုတဲ့စာသားလေးကိုနှိပ်ပေးပါ....ပုံနှင့် အောက်မှာပြထားပါတယ်။
အချက်အလက်တွေကိုဖြည့်ပီးရင် Create Free Account ကို နှိပ်လိုက်ပါ။....ဒါဆိုရင်တော့ မိမိ gmail ထဲကို Tunnel Bear ကနေ Activate လုပ်ဖို့အတွက် mail ပို့ပါလိမ့်မယ်.....


မိမိတို့ရဲ့mail ထဲကိုစာရောက်လာပြီဆိုရင်တော့  activate လုပ်ပေးလိုက်ပါ.....ဒါဆိုရင် free account ဖွင့်ပြီး ပါပီ....login ၀င်ပါ.....အောက်က ပုံလေးအတိုင်းပေါ်လာရင် On/Off မှာ ON ကိုရွေးလိုက်ပါ....attention တစ်ခုတက်လာရင် I trust this application ရှေ့မှာအမှန်ချစ်ပေးပီ ok နှိပ်ပါ...
  connected လို့ noti ဘားမှာ သော့ပုံလေး ပေါ်ရင် ညာဘက်အပေါ်ထောင့်မှာခလုတ်လေးကိုနှိပ်ပီ Account ဘေးမှာ Done ကိုနှိပ်ပေးလိုက်ပါ.... ဒါဆိုရင် ရပါပီ


- play store ကိုအရင်မဖွင့်ပါနဲ့အုံး..  clear data နဲ့ force stop လုပ်ပေးရပါမယ်....အဲဒီ့အတွက် ဖုန်းမှာ Setting >> manage app >> Google Play Store ကိုဝင်ပြီး Clear data နဲ့ Force Stop ကိုလုပ်ပေးပါ...(အောက်မှာပုံအကူအညီကိုရယူပြီးအေးအေးဆေးဆေးလုပ်ပေးပါ) .အားလုံးလုပ်ပြီးသွားရင်တော့  Play Store ကိုဖွင့်....မိမိ gmail နဲ့ဝင်ပါ....Accept နှိပ်ပါ.... ဒါဆိုရင်တော့ play store ကို Verizon (USA) ကနေ၀င်ရောက်နေပါပီဗျ.....အောက်ကပုံလေးက USA Server ကနေ၀င်ထားတဲ့ပုံလေးပါ.....


  မိတ်ဆွေတို့ ဝင်လို့မရတဲ့ apps တွေ ကို play store မှာ အားမနာတမ်းဒေါင်းနိုင်ပါပီခင်ဗျာ......အောက်ကပုံလေးကိုကြည့် ပါ။အပေါ်ကလိုမျိုး  This item isn't available in your country စာတမ်းလေးမပြတော့ပါဗျ...installl ကိုနှိပ်ပီ ဒေါင်းလို့ရနေပါပီ.



Market Unlocker ထဲမှာ USA တင်မဟုတ်ဘူး....မိမိတို့ ကြိုက်တဲ့နိုင်ငံကနေလဲဝင်လို့ရပါတယ်ခင်ဗျာ။
နောက်ဒေါင်းလုပ်ယူမယ်ဆိုရင်ကြိုက်တဲ့ နိုင်ငံကနေကြိုက်သလိုအားမနာတမ်းဒေါင်းနိုင်ပါပြီ။ခင်ဗျာ။
 ဒီပိုစ်လေးအတွက် zawmyo oo ကို credit ပေးပါတယ်ခင်ဗျာ။ကျွန်တော်ကတော့ စာလုံးပေါင်းစစ်ပေးတာလောက်ပါပဲ။


pdf file အနေနဲ့ သိမ်းထားချင်တယ်ဆိုရင်ဒီမှာယူလိုက်ပါ။



PASSWORD တောင်းရင် SAITHUTHAI လို့ ထည့် ပေးလိုက်ပါခင်ဗျာ။



DOWNLOAD - LINK 1 , LINK 2





သူငယ်ချင်းတို့ဖုန်းလေးကို အလန်းလေးကလိကြမယ်


 ဒီလိုလေးသဘောကြလား ကျွန်တော်သူငယ်ချင်းတွေတော့ ဒါမျိုးလေးတွေလုပ်ပေးတာ သဘောကြတယ်
သူငယ်ချင်းတို့လည်းသဘောကြမယ်ထင်လို့ ပြေားပြမလို့ ဖုန်းခေါ်တဲ့သူအမည် အချိန် နံပတ် စတာတွေအကုန်လုံးကိုဖုန်းကအော်ပြေားပေးတယ် မက်ဆေ့ missed call လာရင်လဲသတိပေးထားတယ်
အပေါ်မှာကတော့ movie လေးပါ ကြိုက်တဲ့ movie ထဲ့လို့ရတယ် သူငယ်ချင်းတစ်ယောက်ကို တစ်ပုဒ်ထားလို့ရတယ် ဒါမှမဟုတ်ပဲ မသိတဲ့ဖုန်းလာရင်တစ်မျိုး သိတဲ့သူ၇ဲ့ဖုန်းလာရင်တစ်မျိုးထားပေးလို့လဲရတယ် ကောင်းကြောင်းပြေားမနေဘူး လက်တွေကလိကြည့်လိုက် ဆော့ဝဲနဲ့movie တီးဖျတ်လေးတွေကို တစ်နေရာထဲမှာ ကျွန်တော်တင်ပေးထားတယ် အသုံးပြုရလွယ်အောင်လို့ movie ကရှည်နေရင် ဖုန်းအဝင်မှာမဖွင့်ပဲဖြစ်မှာစိုးလို့ အတိုလေးတွေပဲဖျတ်တောက်ထားပါတယ် အင်္ဂလိပ်သီချင်းကောင်းလေး တွေတီးဖျတ်ထားပါတယ်
  
ဆော့ဝဲလေးကိုဖွင့်ပြီးမြားပြတဲ့အတိုင်းလေးသွားလိုက်ပါမြားပြထားတဲ့နေရာကိုဝင်ရောက်ပြီး အမှန်ချစ်အကုန်လိုက်ပေးပါ
 Answer bottonဆိုတဲ့နေရာမှာ ကြိုက်တာရေးပါ ဥပမာ-ဖုန်းကိုင်မယ်တို့ ကြိုက်နှစ်သက်ရာပေါ့ အောက်က cancle button ဆိုတဲ့နေရာမှာလည်း ဖုန်းချမယ်ပေါ့ ကိုကြိုက်နှစ်သက်ရေးပေးပါ  အောက်ကပုံကိုဆက်လက်လေ့လာကြည့်ပါ 
ကျွန်တော်ရေးပြထားသလိုရေးလိုက်ပါ ဒါကတော့အဝင်ပေါ့ အထွက်လည်း အောက်ကရေးပေးပါ missed call မှာလည်းကြိုက်နှစ်သက်သလိုရေးပေးပါ
 အပြာရောင်အစက်ကလေးကိုပြောင်းပေးပါ ပြီးရင်တော့ Desing ဆိုတာကိုဝင်ပြီးတော့ preview ကိုနှိပ်ပြီးကြည့်လိုက်ပါ စလုံးအရွယ်စားတွေသေးနေလို့မကြိုက်တာ ကြီးနေလို့ ငယ်ချင်တာ ဆိုရင်တော
size တွေကိုပြောင်းပေးလိုက်ပါ လက်ရှိအနေထားမှာတော့ 9 ပေးထားပါတယ် အပေါ်မှာ movie လေးလှုပ်ရှားတာထက်ပြီးထည့်မယ် ဆော့ဝဲကိုဖွင့်လိုက်ပါ အောက်ကပုံစံလေးနော် အခင်ဆုံးသူငယ်ချင်းဖုန်းလာရင် ဘယ်လို movie လေးထားမယ်ဆိုတာကိုရွေးပါ ထားချင်တဲ့သူငယ်ချင်း ဖုန်းနံပတ်လေးကိုနှိပ်ပြီး select video file ကိုနှိပ်ပြီးရွေးချယ်လိုက်ပါ



 ထဲ့လိုက်ပြီးတဲ့ပုံစံလေးပေါ့နော် ထဲ့ပြီးလို့ကြိုက်မကြိုက်ကို မှန်ဘီလုးလေးကိုနှိပ်ပြီး ပုံစံလေးကိုကြည့်လိုက်ပါ  ပြီးရင်တော့ သူငယ်ချင်းတစ်ယောက်ကို ကိုယ့်ဖုန်းကိုအခေါ်ခိုင်းကြည့်လိုက်ပါ
မရရင်တော့ ဆက်ကလိကြည့်ပါ ကျွန်တော်လဲတတ်နိုင်သလောက်တော့ နားလည်အောင်ပုံနဲ့ရှင်းပြထားပါတယ် လိုအပ်မှုဆိုတာတော့ အမြဲရှိနေတာပဲ Android ဘာရှင်း 4 ကျော်မှ အသံထွက်ပေးပါတယ် နှိမ့်ရင်တော့ အသံမပါပဲ ပုံတွေပဲဖော်ပြပါတယ် အခက်ခဲရှိရင်တော့ c-bok မှာပြေားထားခဲ့ပါနော် ကြိုက်ရင်တော့ ပြန်တုန့်ပြန်ပေးပါအုန်းနော်

 ဒေါင်လုပ်လင့်အသစ်ပြန်တင်ပေးထားပါတယ် ဒေါင်းမရဘူးဆိုတဲ့အကိုများအတွက
အားလုံးအဆင်ပြေကြပါစေ

ဖုန်းလေးကို အလန်းဆုံးကလိကြမယ်ဗျာ


 သူငယ်ချင်းတို့ ဖုန်းအဖွင့်အပိတ်မှာ နဂိုပါတဲ့ဒဇိုင်းဟောင်းကြီးကို ပြောင်းပစ်ပြီး ဒဇိုင်းဆန်းဆန်းလေးနဲ့ ကြိုက်နှစ်သက်တဲ့ လိုဂိုဒဇိုင်းလေး ထားကြမယ် ဖုန်းအဖွင့်အပိတ်မှာလည်း နဂို ကလုံးလုံးဆိုတဲ့ အသံအစား သူငယ်ချင်းတို့ ကြိုက်တဲ့ သံစဉ်လေးတွေအစားထိုးကလိကြမယ်ဗျာ လိုအပ်တာလေးတွေအရင်ဒေါင်းရအောင်ဗျာ
လုပ်နည်းလေးကို လွယ်ကူအောင် ပုံလေးနဲ့ ကျွန်တော်ရှင်းပြပေးမယ်နော် လိုအပ်တာထက် ဖုန်းမှာ root ပေါက်ထားပြီးသားတော့ ဖြစ်ဖို့လိုတယ်နော် ဆော့ဝဲကတော့   ဒီမှာ    အကုန်လုံးစုပေးထားပါတယ်



အပေါ်ကပြထားသလို အဖွင့်အပိတ်မှာ ကြိုက်တဲ့ပုံစံလေးတွေပြောင်းမှာပေါ့ဗျာ ကျွန်တော်ကတော့ အပေါ်ကလိုဂိုဖိုဒဇိုင်း floder နှစ်ခုပေးတင်ပေးထားပါတယ် သူငယ်ချင်းကြိုက်နှစ်သက်တဲ့ လိုဂိုပြောင်းထားချင်ရင်တော့ ဆော့ဝဲလေးတင်ပေးထားပါတယ် ဆော့ဝဲလေးကိုဒေါင်းယူပြီး မိမိကြိုက်တဲ့ဒဇိုင်းလေးတွေဒေါင်းလုပ်ဆွဲယူပြီးအသုံးပြုနိုင်ပါတယ် ပုံစံလေးတွေပါဖော်ပြထားတော့ကြိုက်တဲ့ဒဇိုင်းကို လွယ်ကူစွာရွေးချယ်နိုင်ပါတယ်
(၁) ဖုန်း LOGO ပြောင်းနည်းလေးအရင်လုပ်ကြမယ် ပထမဆုံး ဆော့ဝဲလေးတွေတော့ ဒေါင်းပြီးပြီးလို့တော့ ထင်ပါတယ် Root Expoler ကိုဖွင့်လိုက်ပါ box လေးတတ်လာရင်တော့ Allow ဆိုတာကို နှိပ်ပေးလိုက်ပါ ဖွင့်ပြီးရင်တော့ system ဆိုတာကိုရှာပါ တစ်ချို့ဖုန်းတွေမှာတော့ cust ဆိုတာမှာဝင်ရောက်ရမှာဖြစ်ပါတယ်

1 ,2 ကိုအဆင့်လိုက်နှိပ်သွားပါ ပုံမှာပြထားတာတော့ cust နဲ့ကျွန်တော်ပြထားပါတယ် ဝင်ကြည့်လိုက်ပါ media ကိုဝင်ပါ 3,4 မှာပြထားတဲ့ပုံစံစာမျက်နှာမျိုးပေါ်ရမှာပါ မပေါ်ရင်တော့ နောက်ကိုပြန်ဆုတ်ပြီး cust စာမျက်နှာမှာ system ဆိုတာကိုရှာဝင်လိုက်ပါ 3,4 စာမျက်နှာတော့ရောက်ပြီးဆိုရင်တော့ 3,4 ဘေးက လေးထောင်းအကွက်လေးမှာ အမှန်ချစ်ပေးလိုက်ပြီး ဖျတ်ပစ်ရမှာပါ အဲ့ဒီနေရာမှာ သူငယ်ချင်းတို့ အသစ်ထဲ့ချင်တဲ့ ဒဇိုင်းလိုဂိုအစားထိုးအသုံးပြုရမှာဖြစ်ပါတယ် ကဲ ဖျတ်လိုက်ကြရအောင် အောက်ကပုံလေးတွေကြည့်လိုက်ပါ


ရောက်လာတဲ့ folder နှစ်ခုကို အမည်ပြောင်းရမှာဖြစ်ပါတယ် ဖျတ်ထုတ်လိုက်တဲ့ folder အမည်ကိုပြန်ပေးရမှာဖြစ်ပါတယ် အခက်ပါဘူး ရောက်လာတဲ့အသစ် folder နှစ်ခုမှာ သူငယ်ချင်းတို့အနေဖြင့် ရွေးချယ်ရမည့်အပိုင်းရောက်လာပြီး ဒီနေရာမှာ သူငယ်ချင်းတို့အနေနဲ့ ဘယ် LOGO ဒဇိုင်းကိုတော့ စက်ဖွင့်ဖွင့်ခြင်းလေးမှာထားမယ် ပိတ်သွားတဲ့နေရာမှာ ဘယ်လိုဒဇိုင်းပုံစံလေးနဲ့ထားမယ်ပေါ့ ကျွန်တော်အပေါ်မှာပြထားတဲ့ ပုံနှစ်ခုပေါ့ အဖွင့်မှာ ပန်းသီးပုံလေးနဲ့အလင်းရောင်ဖျာထွက်လာတဲ့ ပုံစံလေးထားမယ် ပိတ်တဲ့နေရာမှာတော့ HTC Android ပုံစလေးထားမယ်ပေါ့ ဒါမှဟုတ်သူငယ်ချင်းတို့ ကြိုက်နှစ်သက်တဲ့ ဒေါင်းလုပ်ဆွဲထားတဲ့ ဒဇိုင်းကိုထဲ့မယ်ပေါ့ ရွေချယ်ရမှာပါ ဖုန်းအဖွင့်မှာ ထားချင်ရင်တော့ ထားချင်တဲ့ ဒဇိုင်း folder လေးကို bootanimation.zip လို့အမည်ပေးပြောင်းပေးလိုက်ပါ ဖုန်းအပိတ်မှာထားချင်ရင်တော့ shutdownanimation.zip လို့အမည်ပြောင်းပေးလိုက်ပါ အောက်မှာပုံလေးကိုကြည့်လိုက်အုန်းနော်

အမည်ပြောင်းပြီးသွားရင်တော့ ဖုန်းကို restart ချကြည့်လိုက်ပါ သူငယ်ချင်းပြောင်းလိုက်တာမှန်ရင်တော့  ပေါ်လာပါလိမ့်မယ် သီချင်းသံမပြောင်းရသေးတဲ့အတွက်တော့ ကလုံးကလုံးပဲအော်နေအုန်းမှာပါပဲ သီချင်းသံပြောင်းမယ်
ဆိုရင်လည်းဒီနည်းလမ်းလေးအတိုင်းပဲ ထဲ့ချင်တဲ့သီချင်းကိုတော့ ogg ဖိုင်ဆိုက်ပြောင်းပေးရပါတယ် ကျွန်တော်တင်ပေးထားတာတော့ အင်္ဂလိပ်သီချင်းကောင်းလေးတွေလုပ်ပေးထားပါတယ် အဆင်သင့်အသုံးပြုလို့ရအောင်တင်ပေးထားပါတယ် သူငယ်ချင်းတို့ကြိုက်တဲ့ သံဇဉ်ပြောင်းချင်တယ်ဆိုလည်းရပါတယ် မြားနှစ်ခုနောက်ဆုံးပုံမှာပြထားတဲ့ဟာနှစ်ခုကိုဖျတ်ထုတ်ပစ်ပါ ပြီးရင်တော့ သူငယ်ချင်းတို့ကြိုက်တဲ့ ပြောင်းထားတဲ့သံဇဉ်ကိုထဲ့လိုက်ပါ သီချင်းမဖြတ်ခင်တော့ ဖျတ်လိုက်တဲ့ သီချင်းအမည်လေးကိုမှတ်ထားပါနော် အဲ့အမည်ပြန်ပေးရမှာပါ တစ်အချို့ကတော့ bootaudio.mp3 ပါ တစ်ချို့စက်တွေကတော့ bootSound.ogg ပါနည်းလမ်းကအတူတူမို့ရှင်းမပြနေတော့ဘူးနော် သီချင်းကတော့ဖုန်းတိုင်းရမယ်လို့တော့ ကျွန်တော်အာမမခံဘူးနော် ဖုန်းကိုအဖွင့်အပိတ်လုပ်ကြည့်လိုက်ပါ လုပ်ကြည့်လို့မှ အသံထွက်တယ်ဆိုရင်တော့ ပြောင်းလို့ရပါတယ် ဒီလိုမှမဟုတ်ပြောင်းချင်တယ်ဗျာ ဘယ်လိုလုပ်မလဲဆိုရင်တော့ သူငယ်ချင်းဖုန်းရဲ့ Firmware ကိုကြည့်ပြီး အသစ်ပြန်တင်လိုက်ပါ ဒါဆိုရင်တော့ ရပါတယ် ဒီနည်းလမ်းက အခန့်မသင့်ရင်တော့ Firmware ကြတတ်ပါတယ် ဘာလို့လဲဆိုတော့ ဖုန်းရဲ့size ထက် logo size ကကြီးလွန်းနေရင်တော့ စက်ကမနိုင်ပဲ ပွင့်မလာတော့ပါဘူးဗျာ အခုတင်ပေးထားတဲ့ ဒဇိုင်းနှစ်ခုကတော့ ဖုန်းတိုင်းလိုလိုကိုက်ညီတာတွေ့ရပါတယ် အသစ်အဆန်းနောက်ထက်လန်းတာထဲ့ချင်တာဆိုရင်တော့ firmware ကိုဒေါင်းလုပ်ယူထားသင့်ပါတယ် လိုအပ်ချက်ဆိုတာတော့ အမြဲရှိနေမှာပါပဲ ကျွန်တော်ပြေားတာလိုအပ်ချက်များရှိခဲ့လို့ မှားသွားခဲ့ရင်တော့ ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျာ ကျွန်တော်နည်းတူကလိချင်တဲ့ သူငယ်ချင်းများအတွက်ပါ အခက်ခဲများရှိခဲ့ရင်တော့ bohlaing820@gmail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ
 အပေါ်ကဒေါင်းလုပ်လင့်မှာမရတဲ့ သူငယ်ချင်းများအတွက်
                                                  ဒီလင့်မှာဒေါင်းယူပါ

Android File Data Error တွေကိုရှင်းဖျတ်ထုတ်နည်းပါ


ဖုန်းမှာ file အစုတ်ပလုပ်တွေ application Error တွေကြောင့် ဘာမှန်းမသိတဲ့ box ကလေးတတ်လာတာကို ဒီနည်းနဲ့ရှင်းပစ်လိုက်တာ ပိုစိတ်ချရတာပေါ့ဗျာ မကောင်းဆုံးကတော့ လက်ရှိသုံးနေတဲ့ ဆော့ဝဲတွေကို မသုံးတော့ပဲ နောက်ထက်ဆော့ဝဲအသစ်များကိုပြောင်းသုံးတာကောင်းပါတယ် ဘာဖြစ်လို့လဲဆိုတော့  ဘာမှန်းမသိတဲ့ box တတ်လာတာကတော့ ဖုန်းဆော့ဝဲဗားရှင်းနိမ့်လို့အလုပ်မလုပ်တော့တာတို့ ဗိုင်းရပ်ပါတာတို့ကြောင့်လို့ ကျွန်တော်ထင်ပါတယ် ဒါကြောင့်အကောင်းဆုံးကတော့ ဆော့ဝဲအသစ်ပြောင်းသုံးတာပိုကောင်းလိမ့်မယ်လို့ထင်ပါတယ်သိတဲ့သူငယ်ချင်းတွေအတွက်တော့ ကျော်ခွသွားလိုက်ပေါ့ဗျာ ကျွန်တော်လဲ အမတစ်ယောက်ကမေးထားလို့ နားလည်လွယ်အောင် ပုံလေးနဲ့ရှင်းပြပေးလိုက်ပါတယ်
 အပေါ်က ပုံမှာ backup ဆိုတဲ့ဆော့ဝဲလေးကိုဖွင့်လိုက်ပါ ဒါကတော့ဖုန်းတိုင်းမှာပါပြီးသား backup ဆော့ဝဲလေးပါ မတွေ့၇င်တွေ့အောင်ရှာကြည့်ပါ အောက်ကပုံကိုကြည့်ပါ
 back up to SD card ဆိုတာကိုနှိပ်လိုက်ပါ အောက်ကပုံလေးကိုဆက်ကြည့်ပါ
 backup လုပ်တယ်ဆိုတာဘာလဲဆိုတာတော့သိမှာပါ ဆော့ဝဲ data တွေကို ပြတ်သွားရင်ပြန်ယူလို့ရအောင် သိမ်းယူထားတာပေါ့ဗျာ နားမလည်မှာစိုးလို့ပါ သိမ်းထားချင်တဲ့ ဟာကိုအမှန်ချစ်ပေးပါ အကုန်လုံးသိမ်းယူထားချင်ရင်တော့ select all ဆိုတာကိုနှိပ်ပြီး စတင် buckup လုပ်လိုက်ပါ ဆော့ဝဲများရင်များသလိုအနည်းငယ်ကြာပါတယ်
ပြီးရင်တော့ ok လေးကိုနှိပ်လိုက်ပါ ဒါဆိုရင်တော့ ကျွန်တော်တို့ စတင်ပြီး file Error တွေဖျတ်ထုတ်ရှင်းပစ်လို့ရပါပြီ setting ကိုသွားပါ အောက်ကပုံလေးကိုကြည့်ပါ
 backup& reset ဆိုတာကိုနှိပ်လိုက်ပါ
 factory data reset ဆိုတာကိုနှိပ်လိုက်ပါ
 အမှန်ချစ်လေးပေးပြီး Reset phone ဆိုတာကိုနှိပ်လိုက်ပါ အောက်မှာဆက်ကြည့်ပါ
 Reset phone ဆိုတာကိုနှိပ်ပါ backup data ကတော့ ကျွန်တော်တို့အပေါ်ဆုံးမှာ ဆော့ဝဲနဲ့လုပ်ခဲ့ပြီးပြီဆိုတော့ လုပ်ပေးစရာမလိုတော့ပါဘူး ဆော့ဝဲနဲ့မလုပ်ရသေးရင်တော့ အဲ့ဒီမှာဆက်လက်ဝင်ရမှာပါ နှိပ်ပြီးသွားရင်တော့ ဖုန်းက restart  ကြသွားပြီး သူ့ဘာသာအလုပ်ဆက်လုပ်သွားပါလိမ့်မယ် root system now ဆိုတာကို ရွေ့ပြီး ပါဝါအဖွင့်အပိတ်နဲ့ ခလုပ်ကလေးကိုနှိပ်လိုက်ပါ စက်ပြန်ပွင့်လာရင်တော့ တရုတ်စာတွေပေါ်လာမှာပါ setting ကိုဝင်ပါlanguage & input ဆိုတာကိုနှိပ်လိုက်ပါ ထိပ်ဆုံးမှာတရုတ်စာလေးပေါ်နေပါလိမ့်မယ် နှိပ်လိုက်ပြီး english ဆိုတာကိုရွေးလိုက်ပါ ပြန်ထွက်ပါ settingကိုဝင်ပါ security ကိုဝင်လိုက်ပါ  Unknown sources ဆိုတဲ့ဘေးမှာအမှန်ခြစ်လေးပေးလိုက်ပါ အဲ့ဒါကိုအမှန်ခြစ်ပေးမထားမိရင်တော့ ဆော့ဝဲတွေတင်လို့မရပါဘူး အမှန်ခြစ်လေးပေးဖို့မေ့မနေပါနဲ့ ပြီးရင်တော့ ဆော့ဝဲလေးတွေပြန်ထဲ့ရန် backup ဆိုတဲ့ဆော့ဝဲကိုပြန်ဖွင့်ပါ SD ထဲမှာသိမ်းထားတဲ့အတွက် အထဲကိုဝင်လိုက်ပါ ပြီးတော့ဆော့ဝဲတွေ ဖုန်းနံပတ်တွေကို restore ပြန်လုပ်လိုက်ပါဒါကတော့နည်းနည်းလေးရှုပ်သွားတယ်ထင်တယ် ဒီနည်းကတော့ ဖုန်းထဲမှာရှိတဲ့ contacts တွေဖုန်းဆော့ဝဲလေးတွေပြန်ယူချင်လို့ဒီနည်းသုံးတာပါ ဘာဆော့ဝဲမှမယူဘူး ဖုန်း contacts တွေပဲယူချင်တယ်ဆိုရင်တော့


ဖုန်းထဲမှာမှတ်ထားတဲ့ သူငယ်ချင်းဖုန်းနံပတ်တွေကို ဖုန်းကဒ်ထဲကိုပြောင်းလိုက်ပါ ဒါဆိုရင်တော့ လုပ်ရတာလဲလွယ်ပါတယ် ဖုန်းပါဝါအဖွင့်အပိတ်နဲ့အသံချဲ့တဲ့ခလုတ်နှစ်ခုကိုကြာကြာတွဲနှိပ်လိုက် android ပုံလေးနဲ့စာမျက်နှာလေးပွင့်လာရင်တော့ လက်ကိုလွတ်လိုက်ပါ ပျက်သွားမှာကိုကြောက်မနေပါနဲ့ ပြီးရင်တော့ ဖုန်းသံအတိုးအချဲ့ကလေးနဲ့ အောက်နားလေးက wipe data/factory reset ဆိုတာကိုသွားလိုက်ပါ ရောက်ရင်တော့ ပါဝါခလုတ်ကလေးကိုနှိပ်လိုက်ပါ အလုပ်ဆက်လုပ်သွားပါလိမ့်မယ် စက်ပွင့်လာရင်တော့ ကျွန်တော်အပေါ်မှာပြေားထာခဲ့သလို setting မှာဝင်ရောက်ပြုပြင်လိုက်ပါ 
အခက်ခဲရှိခဲ့၇င်တော့ c-box မှာပြေားထားခဲ့ပါ ကျွန်တော်လဲသိသမျှ မေးသမျှကိုပြန်ဖြေပေးရတာပါ
အမှားပါရင်နားလည်ပေးစေလိုပါတယ်ခင်ဗျာ

အားလုံးအဆင်ပြေပါစေ

အားပေးဝင်ရောက်ကြည့်ကြသော သူငယ်ချင်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 

Windows နှစ်ခု တင်လို့မရအောင် ပိတ်ထားတဲ့ Hard Disk ကို ဝင်ဒိုးနှစ်ခု တင်လို့ရအောင် လုပ်နည်း


 အခုနောက်ပိုင်း Windows 8 တင်ပြီးသား ပါလာတဲ့ ကွန်ပျူတာတွေမှာ Hard Disk ကို ဖေါ်မတ်တစ်မျိုးဖြစ်တဲ့ GPT (or) Read Only ဖေါ်မတ်နဲ့ Windows 8 တင်ပေးလေ့ရှိပါတယ်..။ ဒီဖေါ်မတ်နဲ့ဆိုရင် ဟတ်ဒစ်ကို တခြားအပိုင်းတွေခွဲလို့တော့ ရပြီး အဲ့ဒီအပိုင်းတွေမှာ တခြားဝင်းဒိုးတွေကို ပြန်တင်လို့ မရပါဘူး..။ ဒါကလည်း Windows 8 ကို တခြားဝင်းဒိုးတွေထက် ပိုမြန်အောင်၊ သွက်လက်အောင် ဒီ GPT Partition Style ဖေါ်မတ်ကို သုံးရခြင်းပါတဲ့..။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ကွန်ပျူတာ တစ်လုံးထဲမှာ ဝင်းဒိုးနှစ်ခု၊ သုံးခုကို အတူ တလှည့်စီ တွဲသုံးလိုရင်တော့ ဒီဟတ်ဒစ်တွေရဲ့ ဖေါ်မတ်ကို ပြောင်းပြီးမှ တခြားဝင်းဒိုးတွေကို တင်လို့ ရမှာပါ..။ ဟတ်ဒစ်တွေရဲ့ ဖေါ်မတ်ကို ပြောင်းလိုက်မယ်ဆိုရင်တော့ မိမိတို့ကွန်ပျူတာထဲမှာ ရှိပြီးဖြစ်တဲ့ ဝင်းဒိုးအပါအဝင် တခြား ဆော့ဝဲလ်တွေ Video တွေ၊ ဓါတ်ပုံတွေ အားလုံး ပျက်ပါတယ်..။ ဓါတ်ပုံတွေ၊ Video တွေနဲ့ ဆော့ဝဲလ်တွေကို အရင်သိမ်းထားဖို့ လိုပါတယ်..။ ဒီနည်းကို အသုံးပြုမှ မိမိတို့ကွန်ပျူတာမှာ ဝင်းဒိုးနှစ်ခု၊ သုံးခု တင်သုံးလို့ ရမှာဖြစ်တဲ့အတွက် Original Windows 8 တွေဆိုရင် Recovery အပိုင်းပါ ပျက်သွားမှာမို့ မလုပ်ခင် သေချာ စဉ်းစားသင့်ပါတယ်..။ 
ဒီလုပ်နည်းကို ဝင်းဒိုးတင်တတ်ခါစ လူသစ်များအပြင် ၊ Service သမားတွေပါ တတ်ထားသင့်ပါတယ်..။ ဘာလို့လဲဆိုတော့ နောက်ပိုင်းထွက်လာတဲ့ Windows 8 နဲ့ စက်အသစ်တွေအားလုံးက ဟတ်ဒစ်ကို ဒီလိုဖေါ်မတ်မျိုးနဲ့ပဲ လာတော့မှာ ဖြစ်တဲ့အတွက်ကြောင့်ပါ..။ ဒါကြောင့် ဒီနည်းက မသိမဖြစ်နည်းတခု ဖြစ်ပါတယ်..။ အရင်က ကျနော်ကိုယ်တိုင် Original Windows 8 ပါပြီးသား စက်အသစ်ကို ဖေါ်မတ်ချပစ်လိုက်ပြီးမှ ဝင်းဒိုး ပြန်တင်လို့ မရတဲ့အတွက် ၂-ရက်လောက် အလုပ်ရှုပ်ခဲ့ရဖူးတဲ့ ဒီလုပ်နည်းကို အခုတော့ Microsoft ကုမ္ပဏီက 2013 December 9 ရက်နေ့က သူ့ဝဘ်ဆိုဒ်မှာ ဖေါ်ပြပေးခဲ့ပြီးဖြစ်ပါတယ်..။ ကျနော် အရင်လုပ်ခဲ့တဲ့နည်းက ဟတ်ဒစ်ကို အပြင်ထုတ်ပြီးမှ လုပ်ရတဲ့နည်းဖြစ်လို့ အလုပ်ရှုပ်ပါတယ်..။ အခု Microsoft ကပေးတဲ့နည်းကတော့ ပိုလွယ်ကူတဲ့အတွက် အဲ့ဒီနည်းနဲ့ပဲ ဒီပိုစ့်မှာ လုပ်ပြပေးထားပါတယ်..။
နောက်တခုကတော့ ဟတ်ဒစ်ကို ဖေါ်မတ်မျိုးစုံနဲ့ အသုံးဝင်ပုံတွေကို အသေးစိတ်သိဖို့ မလိုသေးပဲ ဒီပိုစ့်မှာ ဟတ်ဒစ်ကို ဖေါ်မတ်ပြောင်းလို့ရတဲ့ GPT , Dynamic , Basic စတဲ့ဖေါ်မတ်တွေမှာ ကျနော်တို့အတွက် ဝင်းဒိုးနှစ်ခု၊ သုံးခု တင်လို့ရတဲ့ Basic ဖေါ်မတ်ကိုပဲ ပြောင်းယူအသုံးပြုရမှာ ဖြစ်ပါတယ်..။ Basic ဖေါ်မတ်ကို ပြောင်းလိုရင်တော့ အရင်ဆုံး Dynamic ဖေါ်မတ်ဖြစ်ပြီးမှ Basic ဖေါ်မတ်ကို ပြန်ပြောင်းလို့ရတာပါ..။ Dynamic ဖေါ်မတ်နဲ့ဆိုရင်တော့ GPT ဖေါ်မတ်လိုပဲ ဟတ်ဒစ်မှာ ဝင်းဒိုးတစ်ခုပဲ လက်ခံပါတယ်..။ နောက်ထပ်ဝင်းဒိုး ထပ်တင်လို့ မရတော့ပါ..။ Basic ဖေါ်မတ်ကျပြန်တော့ Partition တွေမှာ ဝင်းဒိုးတွေ အများကြီးတင်လို့ ရပေမယ့် ဟတ်ဒစ်ကို အပိုင်း ၃-ပိုင်းပဲ ခွဲထုတ်ခွင့်ပြုပါတယ်..။ ၄/၅-ပိုင်းခွဲထုတ်လိုက်ရင်တော့ သူ့အလိုလို Dynamic Disk ဖေါ်မတ်ကို ပြန်ပြောင်းသွားတာဖြစ်လို့ တခြား ပါတေးရှင်းအပိုင်းတွေထဲက တခြားဝင်းဒိုးတွေကို ဝင်လို့မရတော့ပါဘူး..။ အဲ့ဒီဖြစ်သွားရင်တော့ AOMEI Partition Assistance Pro ဆော့ဝဲလ်နဲ့ Dynamic Disk ကနေ Basic Disk ဖေါ်မတ်ကို Data တွေနဲ့ တခြားဝင်းဒိုးတွေကို မပျက်စေပဲ ပြန်ပြောင်းယူလို့ ရတဲ့အတွက် အဲ့ဒီဆော့ဝဲလ်လေးကိုပါ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာ တင်ပေးထားပြီး အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ ပြပေးထားပါတယ်..။ ဒီရက်ထဲမှာ စက်အသစ်နှစ်လုံးနဲ့ ၎င်းတို့ရဲ့ ဟတ်ဒစ်တွေကို ဒီနည်းနဲ့ အပြန်အလှန် စမ်းသပ်နေတာဖြစ်လို့ ဒီရက်ထဲအလုပ်ရှုပ်ပါတယ်..။ အခုတော့ ဒီပိုစ့်ကို တင်ပေးဖို့ အတော်လေး ပြည့်စုံသွားပြီဖြစ်လို့ ကျနော်စမ်းသုံးရင်း ရရှိလာတဲ့ အတွေ့အကြုံလေးတွေကိုပါ ဒီပိုစ့်မှာ ဖြည့်စွက်ရေးပေးထားလို့ နောက်ပိုင်း ဝါသနာရှင်များထဲမှ လေ့လာလိုက်စားတဲ့သူများအတွက် အလွယ်တကူ သင်ယူလို့ အဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။
ဒီနည်းကို အသုံးပြုပြီး ဟတ်ဒစ်ကို ဖေါ်မတ်ပြောင်း၊ ဝင်းဒိုးအသစ်တင်မှာဖြစ်တဲ့အတွက် မိမိတို့မှာရှိတဲ့ Windows 8 (or) Windows 7 DVD သို့မဟုတ် Bootable USB Pendrive ကို မိမိတို့ အသုံးပြုမယ့် စက်မှာထည့်၊တပ်ထားလိုက်ပြီး စက်ကို Restart ပေးပါ..။ ပြီးရင်တော့ F2, Esc, Del, F10 စသဖြင့် မိမိတို့ စက်ရဲ့ Bios Setup ထဲဝင်တဲ့ကီးတွေကို ဆက်တိုက်နှိပ်ပြီး Boot နေရာမှာ DVD (or) USB သွားပြောင်းပြီး ဝင်းဒိုးတင်တဲ့ထဲကို ဝင်လိုက်ပါ..။ အသေးစိတ်ကို Windows 7 တင်နည်းပိုစ့်မှာ ပုံလေးတွေနဲ့ ပြပေးထားခဲ့ပြီးမို့ မသိသေးတဲ့သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်လိုက်ရင် အဆင်ပြေမှာပဲ ဖြစ်ပါတယ်..။ 
ကျနော်ကတော့ Windows 8 နဲ့ အသုံးပြုထားတာဖြစ်လို့ အောက်ကပုံလေးအတိုင်း Windows 8 ရဲ့ Install now ကနေ သွားပါတယ်..။ ဒီနည်းကို Windows 7 အခွေနဲ့ပါ စမ်းသပ်ပြီး အဆင်ပြေပြီးသားဖြစ်တဲ့အတွက် Windows 8 (or) Windows 7 အဆင်ပြေရာနဲ့ အသုံးပြုနိုင်ပါတယ်..။


အောက်ကပုံကတော့ Windows 8 တခုသာရှိသေးတဲ့ စက်မှာ တခြားပါတေးရှင်းအပိုင်းတွေမှာ နောက်ထပ်ဝင်းဒိုးကို တင်လို့ မရတော့တဲ့အတွက် အနီဝိုင်းထားတဲ့ စာသားကို ကလစ်ပြီးကြည့်လိုက်တော့ မျှားနီပြထားတဲ့အတိုင်း GPT Partition Style ဖြစ်နေလို့ပါတဲ့..။ အခုဒီပိုစ့်ကနည်းနဲ့ လုပ်ပေးလိုက်မှ တခြား ပါတေးရှင်းတွေမှာ နောက်ဝင်းဒိုးတွေကို တင်လို့ ရသွားပါတယ်..။ Basic ဖေါ်မတ်မပြောင်းခင် အရင်ဝင်းဒိုးနဲ့ ဆော့ဝဲလ်တွေ အားလုံး ပျက်ပါတယ်..။ ပြီးမှ ဝင်းဒိုးတွေ နှစ်ခု၊ သုံးခု တင်လို့ ရတာပါ..။



တခြားဝင်းဒိုးမတင်ရသေးတဲ့ စက်တလုံးမှာတော့ အပေါ်က ပုံအတိုင်း NTFS ဖေါ်မတ်ဖြစ်မှ ဝင်းဒိုးတင်လို့ ရမှာပါတဲ့..။ အဲ့ဒါမျိုးကတော့ ဖေါ်မတ်ချပစ်လိုက်ယုံနဲ့ ရပါတယ်..။ Basic Disk ဖေါ်မတ်ဖြစ်ဖို့အတွက် ပိုသေချာအောင် ဒီနည်းကိုပဲ အောက်ကပုံလေးတွေ အတိုင်း အသုံးပြုသွားလိုက်ပါတယ်..။
အရင်ဆုံး ကီးဘုတ်မှ Shift+F10 ကို တွဲနှိပ်ပြီး ဝင်းဒိုး External Command Prompt ကို ဖွင့်လိုက်ပါ..။ ပြီးရင်တော့ အောက်ကစာသားတွေကို တကြောင်းစီ မှန်အောင် ရိုက်ထည့်ပေးလိုက်ရင် ရပါပြီ..။
ဒီစာသားတွေကိုရိုက်ထည့်ပါ
diskpart                          
list disk
select disk 0
clean
convert gpt
convert dynamic
convert basic
exit

Diskpart နည်းနဲ့ လုပ်ရမှာ ဖြစ်လို့ ကြည့်ရရှင်းအောင် အောက်ကပုံလေးတွေ အတိုင်း တကြောင်းစီ ပြပေးထားပါတယ်..။ ရိုက်ထည့်တဲ့ စာသား မှန်အောင် သတိပြုရိုက်ပါ..။ စာကြောင်း တစ်ကြောင်းရိုက်ပြီးတိုင်း Enter တချက်စီ ခေါက်သွားလိုက်ပါ..။
 


ဒီအဆင့်မှာ တချက်က မိမိတို့ ဖေါ်မတ်ပြောင်းလိုတဲ့ ဟတ်ဒစ်က စက်ထဲက ဟတ်ဒစ်ဆိုရင်တော့ Disk 0 (သုည) လို့ ပေါ်နေမှာဖြစ်ပြီး USB နဲ့ တွဲသုံးတဲ့ ဟတ်ဒစ် သို့မဟုတ် Pendrive တွေဆိုရင်တော့ Disk 1 လို့ ပေါ်နေမှာပဲ ဖြစ်ပါတယ်..။ ဒါကြောင့် ဒီနေရာမှာ မမှားရအောင် သေချာရွေးယူတတ်ဖို့ လိုပါတယ်..။ ကျနော်ကတော့ စက်ထဲက ဟတ်ဒစ်ကို ဖေါ်မတ်ပြောင်းမှာ ဖြစ်လို့ မျှားအဝါပြထားတဲ့ Disk 0 ကို ရိုက်ထည့်ပါတယ်..။


Disk 0 is now the selected disk ဆိုတဲ့စာသား ပေါ်လာရင်တော့ နောက်စာကြောင်း တကြောင်းကို ဆက်ပြီး ရိုက်ထည့် Enter တစ်ချက် ခေါက်ပေးလိုက်ပါ..။


Clean စာသားရိုက်ထည့်ပြီးလို့ DiskPart succeeded in cleaning the disk ဆိုရင်တော့ နောက်စာကြောင်းဖြစ်တဲ့ ဖေါ်မတ်ပြောင်းတဲ့ စာသားကို ရိုက်ထည့်ပေးရမှာပါ..။ ဒီနေရာမှာ ကျနော်က တခါတည်း Basic ဖေါ်မတ်ကို ပြောင်းရိုက်ထည့်လိုက်တာ အောက်ကပုံအတိုင်း မျှားနီပြထားသလို Dynamic ဖေါ်မတ်ပြောင်းပြီးမှ Basic ဖေါ်မတ်ကို ပြောင်းလို့ရမှာပါတဲ့..။ ဒါကြောင့် အစဉ်လိုက်အတိုင်း အောက်ကပုံမှာ မျှားအဝါတွေနဲ့ ပြထားသလို Convert သုံးမျိုးပြောင်းလိုက်ပါတယ်..။ Successfully စာသားတွေ ပေါ်ပြီးမှ နောက်စာကြောင်းတွေကို ရိုက်ထည့်ပေးပါ..။ ပြီးရင်တော့ Exit ၂-ခါနဲ့ ထွက်ပြီး စက်ကို Restart ပေးလိုက်ပါ..။


အောက်ကမျှားအပြာနဲ့ ပြပေးထားတာကတော့ ဒီပါတေးရှင်းအပိုင်းထဲမှာ ဝင်းဒိုးတင်လို့မရသေးတာပါ..။ ဒါကြောင့် မျှားနီပြထားတဲ့အတိုင်း အားလုံးပိတ်ပစ်ပြီး Restart ပေးပြီးမှ ဝင်းဒိုးတင်လို့ ရမှာပဲ ဖြစ်ပါတယ်..။





အပေါ်ကပုံတွေ အတိုင်း အဆင့်ဆင့် ပိတ်ပစ်ပြီးသွားရင်တော့ စက်ပြန်တက်လာရင် ဝင်းဒိုးပြန်တင်တဲ့အတိုင်း ပြန်ဝင်လိုက်ပါ..။ အောက်ကပုံလေးတွေအတိုင်း ပါတေးရှင်းအပိုင်းတွေ ခွဲပြီး ဝင်းဒိုးတင်လို့ ရသွားပါပြီ..။



ပါတေးရှင်းပိုင်းတွေကို အောက်ကပုံတွေအတိုင်း ကျနော် ရသလောက် ခွဲထုတ်ပါတယ်..။



အောက်ကပုံမှာ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့အတိုင်း ၃-ပိုင်းခွဲပြီးတဲ့နောက်မှာတော့ ၄-ပိုင်းမြောက်အပိုင်းကို ခွဲထုတ်လို့ မရတော့ပါ..။ သူ့မှာရေးထားတဲ့ စည်းကမ်းချက်လေးကို အောက်ကပုံအတိုင်း ဖတ်ရှုနိုင် ပါတယ်..။



Basic Disk ဖေါ်မတ်မှာတော့ သတ်မှတ်ထားတဲ့ အပိုင်းတွေခွဲထုတ်လို့ ပြည့်သွားပြီဖြစ်လို့ နောက်ဆုံးအပိုင်းကိုတော့ ဆက်လက်အသုံးပြုလို့ မရပါဘူးတဲ့..။ ဒီအတိုင်းပဲသွားလိုက်ပါ..။ ကိစ္စမရှိပါဘူး..။ ဒီပိုစ့်ရဲ့ အောက်ဆုံးမှာပေးထားတဲ့ ဆော့ဝဲလ်လေးနဲ့ ပြန်ခွဲထုတ်လို့ ရပါသေးတယ်..။ ဒါကြောင့် ခွဲထုတ်ထားတဲ့ ပါတေးရှင်းအပိုင်းတွေထဲက မိမိတို့ နှစ်သက်တဲ့ အပိုင်းကို ကလစ်ပြီး အောက်ကပုံလေးအတိုင်း ဝင်ဒိုးတင်လို့ ရသွားပါပြီ..။



အောက်ကပုံတွေအတိုင်း ဝင်းဒိုးတင်လိုက်ပါတယ်..။




ဝင်းဒိုးတင်ပြီးတဲ့အခါမှာတော့ အောက်ကပုံအတိုင်း အပေါ်မှာ ခွဲထုတ်လို့ မရခဲ့တဲ့ နောက်ဆုံးအပိုင်းကို ပြန်ပြီးခွဲထုတ်ပါတယ်..။ Computer >> Right Click >> Manage >> Disk Management ကနေ ဝင်ပြီး ပါတေးရှင်း မအောင်သေးတဲ့ အမဲရောင် အပိုင်းပေါ်မှာ Right Click >> New Volume ကနေ အဆင့်ဆင့် Next နှိပ်ပြီး သွားလိုက်ရင်တော့ အောက်ကပုံအတိုင်း Yes ပေးရမယ့် ဘောက်စ်လေး ကျလာမှာဖြစ်ပါတယ်..။ မျှားအစိမ်းရောင်နဲ့ပြထားတဲ့ စာသားတွေကတော့ ဒီအပိုင်းကို ခွဲထုတ်လိုက်မယ်ဆိုရင်တော့ ယခုလက်ရှိ Basic Disk ဖေါ်မတ်ကနေ အလိုလို Dynamic ဖေါ်မတ်ကို ပြောင်းလဲသွားပါလိမ့်မယ်တဲ့..။ Dynamic Disk ဖေါ်မတ်ဖြစ်သွားရင် ဒီလက်ရှိဝင်းဒိုးက လွဲလို့ တခြားဝင်းဒိုးတွေ တင်လို့ မရတဲ့အပြင် ၊ တခြား အပိုင်းတွေမှာ ရှိပြီးတဲ့ ဝင်းဒိုးပါ အသုံးပြုလို့ မရတော့ပါဘူးတဲ့..။ သေချာတယ်ဆိုရင်တော့ Yes ပေးလိုက်ပါတဲ့..။ ကျနော်က Yes ပေးလိုက်ပါတယ်..။ သူပြောတဲ့အတိုင်းပဲ ဟတ်ဒစ်တခုလုံး Dynamic Disk ဖေါ်မတ်ဖြစ်သွားပါပြီ..။ တခြားစက်တလုံးမှာတော့ ဝင်းဒိုး၂-ခု တင်ပြီးမှ ပါတေးရှင်းထပ်ခွဲလိုက်တာ Dynamic Disk ဖြစ်သွားလို့ ဟိုဘက်ဝင်းဒိုးကို ဝင်သုံးလို့ မရတော့ပါဘူး..။ ဒီအောက်ကဆော့ဝဲလ်နဲ့ Basic Disk ပြန်ပြောင်းလိုက်မှ အဲ့ဒီစက်မှာ နောက်ဝင်းဒိုး တခုကို ပြန်ဝင်သုံးလို့ ရသွားပါတယ်..။


အောက်ကပုံအတိုင်း ပါတေးရှင်းတွေ အားလုံး Dynamic Disk ဖေါ်မတ်တွေ ဖြစ်ကုန်ပါတယ်..။ Dynamic Disk ဖြစ်ပြီးသွားမှ ကျနော် ပါတေးရှင်း နောက်တခုပါ အောက်ကပုံအတိုင်း ထပ်ခွဲထုတ်လိုက်ပါသေးတယ်..။ ခွဲထုတ်လို့ ရပါတယ်..။ Dynamic Disk အတိုင်းပါပဲ..။



အပေါ်ပုံအတိုင်း Dynamic Disk ဖေါ်မတ်နဲ့ ပါတေးရှင်း အပိုင်း ၅-ပိုင်း ခွဲထုတ်ပြီးမှ ဒီအောက်က ဆော့ဝဲလ်လေးနဲ့ Basic Disk ပြန်ပြောင်းလိုက်ပါတယ်..။ Data တွေ တခုမှ မပျက်ပဲ အဆင်ပြေပြေနဲ့ ပြောင်းယူလို့ ရသွားပါပြီ..။ ဒီဆော့ဝဲလ်လေးကို ကီးတွေ ထည့်ပေးပြီးမှ ဖူးသုံးလို့ရမှာပါ..။ လိုအပ်တဲ့သူများကတော့ အရင်ဆော့ဝဲလ်ကို ဒေါင်းယူထားလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်က 8 MB ရှိပါတယ်..။ နောက်ဆုံး ဗါးရှင်းလေးပါ..။
(OR)



အပေါ်ပုံအတိုင်း ကီးတွေ ထည့်ပေးလိုက်ရင်တော့ ဒီကောင်လးကို ဖူးသုံးလို့ ရသွားပါပြီ..။


ပြီးရင်တော့ Dynamic စာသားကနေ ဝင်ပြီး ပြောင်းလိုက်ရင် အဆင်ပြေသွားပါပြီ..။




အပေါ်ကပုံတွေအတိုင်း အဆင့်ဆင့် ဝင်လာပြီးရင်တော့ အောက်ကပုံအတိုင်း Ok ပေးပြီး စက်ကို Restart ပေးလိုက်ရင် Dynamic Disk ကနေ Basic Disk ဖေါ်မတ်ဖြစ်သွားပါပြီ..။


စက်ပြန်တက်လာရင်တော့ အောက်ကပုံအတိုင်း ပါတေးရှင်းအပိုင်တွေမှာ အပြာရောင်တွေနဲ့ Basic Disk ဖေါ်မတ်ဖြစ်သွားပါပြီ..။ ဒါဆိုရင်တော့ တခြားပါတေးရှင်းအပိုင်းတွေမှာလည်း နောက်ထပ် ဝင်းဒိုးတွေကို တင်ပြီး အသုံးပြုလို့ ရသွားပါပြီ..။

ဒီလောက်ဆိုရင်တော့ ဝင်းဒိုးတင်လို့မရတတ်တဲ့ ဟတ်ဒစ်ပြဿနာကို ဒီနည်းနဲ့ ဖြေရှင်းလို့ ရသွားပါပြီ..။ နောက်တခုကတော့ ကျနော် မစမ်းသပ်ရသေးတဲ့ ဟတ်ဒစ်မှာ Password ပေးထားလို့ ဝင်းဒိုးတင်လို့ မရတဲ့ ပြဿနာကို ဒီ Diskpart နည်းနဲ့ စမ်းသုံးကြည့်ရင် အဆင်ပြေနိုင်မယ် ထင်ပါတယ်..။ ဒါကတော့ ကျနော့်မှာ Password ပိတ်ထားတဲ့ ဟတ်ဒစ်မရှိသေးတဲ့ အတွက်ကြောင့်ပါ..။ စာဖတ်သူများထဲမှ ဒီ Diskpart နည်းနဲ့ Password ပိတ်ထားတဲ့ ဟတ်ဒစ်မျိုးရှိခဲ့မယ်ဆိုရင်တော့ ဒီနည်းနဲ့ စမ်းသပ်ပြီး ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒီပိုစ့်ရဲ့ Comments မှာ အဆင်ပြေ၊ မပြေဆိုတာကို နောက်လူများ လေ့လာလို့ ရအောင် ဆက်လက်၍ ရေးပေးခဲ့ဖို့ တောင်းဆိုပါတယ်..။ အားလုံးပဲ လေ့လာရင်း အဆင်ပြေကြပါစေဗျာ..။